Thursday, June 6, 2013

လှည်းဝင်ရိုးသံ တညံညံ၊ ဓမ္မစကူးလ်ပေါင်း

   လှည်းဝင်ရိုးသံတညံညံ၊ ပုဂံဘုရားပေါင်း ဟုကြွေးကြော်နေသည့် အမိမြန်မာပြည်ကြီး၌ စနစ်တကျပို့ချနေသော ဓမ္မသင်တန်းကျောင်းများ မည်မျှလောက်ရှိသနည်း၊ အကဲခတ်ကြည့်စေချင်ပါသည်။ တချို့နေရာများ၌ ရက်တိုသင်တန်းကျောင်းကတော့ ထင်ထင်ရှားရှားရှိပေသည်။ သို့သော် ရက်ရှည် သင်တန်းကျောင်းများက နည်းပါးလှ၏။ ယင်းသို့ နည်းပါးလှသည့်အတွက် တချို့ဗုဒ္ဓဘာသာဝင် ရင်သွေး ငယ်များသည် ဘာသာရေး အခြေခံအားနည်းကြရကား ဘာသာခြားနှင့် အိမ်ထောင်ပြုပြီး ဘာသာခြားဘက် သို့ ကူးပြောင်းသွားကြသည်ကို ၀မ်းနည်းစွာ တွေ့ခဲ့ဖူးပါသည်။ 
   စေတီပုထိုးများ၌ ညောင်ပင်ပေါက်လျှင် စေတီပုထိုးများ ပြိုပျက်ကြသကဲ့သို့ မိမိတို့မြန်မာပြည်ကြီး၌ ဘသာခြားများတိုးပါးလာလျှင်၊ စေတီပုထိုးများ မျက်နှာတော်ညှိုးတော်မူရမည့် အခြေအနှေင့် ရင်ဆိုင်ရပေ မည်။ ဤဖြစ်စဉ်ကို အစဉ်တွေးလျက် ယခုအချိန်မှစပြီး ဓမ္မသင်တန်းကျောင်း (သို့မဟုတ်)ဓမ္မစကူးလ်များကို မိမိတို့တတ်စွမ်းသမျှ ဖွင့်လှစ်တည်ထောင် သင့်ပေသည်။ 
   ရန်ကုန်မြို့၌ ၀ံသာနုစိတ်ဓါတ်ကိန်းအောင်းနေသည့် ဒကာကြီးတစ်ယောက်က " တပည့်တော်တို့ရက် ကွက်မှာ တပည့်တော်ငယ်ငယ်တုန်းက ဗုဒ္ဓဘာသာဝင်က ရာခိုင်နှုန်း(၈၀)ရှိတယ်၊ အခုကျတော့ ဗုဒ္ဓဘာသာဝင်က ရာခိုင်နှုန်း(၃၀)လောက်ပဲရှိပြီး ဘာသာခြားတွေက ပိုများနေတယ်ဘုရား" ဟု ပြောဖူးသည်။ ရန်ကုန်မြို့တော်ကြီး၌ ဤကဲ့သို့ဖြစ်နေသော ရက်ကွက်များ၊ မည်၍မည်မျှလောက် ရှိနေဦးမည်မသိ။ သေချာမှုရှိသည်ကတော့ ဘာသာခြားများ တိုးပွားလနေခြင်းပါင်တည်း။
   ထိုကြောင့် ဤအချက်ကို ကောင်းကောင်းသိရကာမြန်မာပြည်အနာဂတ်အရေးကို သွေးအေးအေးမနေ တတ်သည့် အမရပူရမြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက ဤကဲ့သို့ မှာတမ်းတော်ခြွေခဲ့ပါသည်-
ဒို့မြေဌာနီ ရှေးခါစီဝယ်၊
မထေရ်အပေါင်း၊ စံရာကျောင်းမှ၊
ငြိမ့်ညောင်းသာယာ၊ မိန့်အာဏာကို၊
ရပ်ရွာလူများ၊ လွန်လေးစားခဲ့၊
ခုကားသို့နှယ်၊ မဟုတ်ကွယ်၍၊ 
နယ်ပယ်ပေါက်ဖွား၊ အမျိုးသားတို့၊
ဘုန်းဘုရားကျောင်းတွင်၊ စာမသင်တော့။
ဤသည့်တိုင်းသာ၊ နှင်းပေါင်းကြာလျှင်၊
မြန်မာတိုင်းဖွား၊ အမျိုးသားတို့၊
ဘုရားကိုစွန့်၊ တရားစွန့်၍၊
စွန့်လိမ့်မှန်စွာ၊ မြတ်သံဃာတည်း၊
သို့အတွက်များပြား၊ ဘုန်းဘုရားတို့၊
တရားကိုယ်ကျင့်၊ လုံအောင်ကျင့်၍၊
မလင့်စေရ၊ ကိုယ့်ဒေသ၌၊
သိပ္ပ၀ိဇ္ဇာ၊ ပြသင့်ရာကို၊
ကောင်းစွာပိုင်နိုင်၊ ပြသနိုင်မှ၊
ဘုန်းလှိုင်ဟောပြ၊ သြ၀ါဒကို၊ 
စိတ်ကကြည်ဖြူ၊ လိုက်နာယူလျက်၊
ကိုယ်မူနှုတ်ပြောင်း၊ စိတ်လည်းကောင်း၍၊
နောက်နှောင်းသာသနာ၊
ပြည်မြန်မာသည်၊ ရှည်ကြနေသို့၊
ထွန်းမည်ကို။
   အကြင်အခါ၌ မြန်မာပြည်အ၀န်းမှာ လှည်းဝင်ရိုးသံ တညံညံ ဓမ္မစကူးလ်ပေါင်း ဟု ကြွေးကြော်နိုင်၏။ ထိုအခါ၌ နတ်ရွာစံသွားလေပြီဖြစ်သော ဘုရင်မင်းမြတ် အနော်ရထာက အထက်ကောင်းကင်ယံ နတ်ပြည် မှတဆင့် ဗြဟ္မာ့ပြည်တိုင်အောင် အို သူတော်ကောင်းတို့ မြန်မာပြည်ကြီးကို ကြည့်ကြကုန်လော့၊ အရှင် အရဟံရဲ့သြ၀ါဒကို ခံယူပြီး ငါကိုယ်တော်တိုင်ချခဲ့ရတဲ့ ဓမ္မအုတ်မြစ်ပေါ်မှာ ရဟန်းရှင်လူပြည်သူများဟာ ကြီးမားသော ဓမ္မအဆောက်အုံကြီးကို အဆင့်ဆင့် တည်ဆောက်နေကြတယ်ကွယ်။၊ ငါကိုယ်တော် အရားကျေနပ်လှပါဘိ၊ ဒါမှဒို့တှို်း ဒို့ပြည်၊ ဒို့မြန်မာပြည် ဖြစ်ပေသကွယ် ဟု အားရပါးရ ကောင်းချီး နုမော် သာဓုခေါ်နေမည်မှာ မြေကြီးလက်ခတ် မလွဲသာတည်း။
အရှင် ဒေ၀န္ဒာဘိဝံသ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်

ခိုင်မာသည့် အခြေခံအုတ်မြစ်

   သီရိလင်္ကာရှိ ကလေးများသည် ဤကဲ့သို့ ဘုရားရှိခိုး၊ သြ၀ါဒခံယူ၊ ဗုဒ္ဓစာပေများကို သင်ကြားရသည်မှာ တစ်ပတ်မဟုတ်၊ တစ်လမဟုတ်၊ တစ်နှစ်မဟုတ်၊ နှစ်ပေါင်း(၁၃)နှစ်။ ယင်းကဲ့သို့ နှစ်ပေါင်းများစွာ ဗုဒ္ဓတရား နှင့်ထိတွေနေကြရကာ ကလေးများ၏ ဘာသာကိုချစ်တဲ့စိတ်၊ လူမျိုးကို ချစ်တဲ့စိတ်မှာ ဦးခေါင်းထဲ မှာ သံမှိုနှက်သကဲ့သို့ စွဲမြဲသွားပါတော့သည်။ ဗုဒ္ဓ၀ါဒ၏ အခြေခံအုတ်မြစ်မှာလည်း ခိုင်မာသွားပါတော့သည်။
   ကလေးများသည် ဘုန်းတော်ကြီးများနှင့်ဆရာများ၏ သြ၀ါဒများကိုလည်း နာယူကြရကား ဗုဒ္ဓဘာသာဝင် ကျင့်ဝတ်ကိုလည်း ကျွမ်းကျင်ကြ၏။ ဗုဒ္ဓ၀င်ကို သင်ကြားထားသဖြင့် ဘုရားဖြစ်စဉ်နှင့် ဘုရားလောင်း၏ စိတ်ဓါတ်ကိုလည်း ခရေစေ့တွင်းကျသိ၏။ သမိုင်းဖြစ်စဉ်တို့ကိုလည်း မှတ်သားကြရသောကြောင့် အမျိုးဘာ သာ သာသနာကိုလည်း ချစ်၏။ ထိုအကြောင်းများကြောင့် ကလေးသူငယ်များ၏ ဘာသာသွေးကား ရဲရဲ တောက်နေပေပြီ။ အဘယ်ကဲ့သို့သောသူမှ ဘာသာကူးပြောင်းအောင် မစွမ်းနိုင်တော့ပေ။
   ထို့ကြောင့် သီရိလင်္ကာ၌ နှစ်ပေါင်းများစွာနေဖူးသော မြန်မာဘုန်းကြီးတစ်ပါးက ဤကဲ့သိုပြောဖူးလေ သည်။ " သီရီလင်္ကာရှိ ဗုဒ္ဓဘာသာဝင် ကလေးသူငယ်များဟာ ဘာသာပြောင်းတယ်ဆိုတာ မရှိဘူး။ ဘာကြောင့်လဲဆိုရင် ကလေးဘ၀က စတင်ပြီး အခြေခံဗုဒ္ဓစာပေများကို စနစ်တကျ သင်ယူခဲ့ရသည့်အ တွက် ဗုဒ္ဓဘာသာရဲ့တန်ဖိုးကို ကိုယ်ကိုယ်တိုင် သိရှိနေကြပြီလေ။ ဒီတော့ ကိုယ့်ဗုဒ္ဓဘာသာကို ဘယ်သောအခါမှ ကျောမခိုင်းတော့ဘူး " တဲ့။
   နိုင်ငံတော်အစိုးရကလည်း ဗုဒ္ဓဘာသာဝင် ကျောင်းသူ၊ ကျောင်းသားများကို (Sunday School)သို့ အဖြစ် မနေ တက်ရောက်သင်ကြားကြရမည်ဟု စည်းမျဉ်းထုတ်ထား၏။ အလွန်ကောင်းသော စည်းမျဉ်းတည်း။ ယင်း (Sunday School) ကို နိုင်ငံ့အကြီးအကဲ သမ္မတတိုင်းက အားပေးကြပါ၏။
   ယင်း (Sunday School) အောင်လက်မှတ်ကိုလည်း အထူးဦးစားပေး၏။ အစိုးရရုံးများ၌ အလုပ်လျှောက် သူတို့သည် ထိုအောင်လက်မှတ်ကို ပြကြရပါသည်။ အကယ်၍ မပြနိုင်လျှင် အလုပ်ရရှိဖို့ မလွယ်ကူပေ။ (Sunday School) အောင်လက်မှတ်မှာ ဤမျှလောက် အရေးပါလှပါသည်။

Sunday School ကျောင်းတတ်ပုံအစီအစဉ်

 ကျောင်းသူ ကျောင်းသားများသည် တနင်္ဂနွေနေ့ရောက်ပြီဆိုလျှင် နံနက်(၇)နာရီလောက်မှစပြီး ကျောင်းသို့ လာကြ၏။ ကျောင်းတတ်သည့်အခါ အထက်အောက် နှစ်ခုစလုံးအဖြူရောင်ဝတ်စုံများကို ရိုးရာဓလေ့များ အတိုင်း ၀တ်ဆင်ကြရ၏။ အကြောင်အကျားအရောင်မျိုးစုံနှင့် ခေတ်ဆန်ဆန်အ၀တ်အစားများကို မ၀တ်ကြ ရပါ။ နိုင်ငံတော်အစိုးရကလည်း Sunday School ၀တ်စုံဆိုပြီးတော့ သီးသန့်သတ်မှတ်ပေး ထား၏။ ယောက်ျားလေးများအတွက် လည်ကတုံး လက်ရှည်ရှပ်အင်္ကျီအဖြူနှင့် လုံချည်အဖြူဖြစ်ပြီး မိန်းကလေးများအတွက်မှာ  Half ဆာရီဆိုသည့် ရိုးရာအဖြူဝတ်စုံ ဖြစ်ပါသည်။ 
 ဘုန်းကြီးကျောင်းသို့ ရှေးဦးစွာ ရောက်ရှိလာကြသော ကျောင်းသားကျောင်းသူများက ကျောင်းဝင်းအတွင်းရှိ ပန်းပင်များမှ ပန်များခူးပြီးတော့ ရေးဆေးကြ၏။ တချို့က မိမိတို့အိမ်မှပင် ပန်း၊ အမွှေးတိုင်၊ ဖယောင်းတိုင်တို့ကို ယူဆောင်ခဲ့ကြ၏။ ယင်း ပန်း၊ အမွှေးတိုင်၊ ဖယောင်းတိုင်၊ သောက်တော်ရေ စသည်တို့ကို ဗောဓိပင်အနီးရှိ ပန်းတင်ခုံပေါ်မှာ စီထားကြသည်။ 
 စာသင်ခန်းသို့ မ၀င်မီ နံနက်(၈)နာရီ(၃၀)မိနစ်မှာ သြ၀ါဒခံယူပွဲကို ကျင်းပသေး၏။ ကျောင်းသူကျောင်း သားအားလုံး ဗောဓိပင်ကြီးရှေ့မှာ စီတန်းပြီး အတန်းလိုက်ရပ်ကြရ၏။ အလှည့်ကျဖြစ် သည့် ကျောင်းသူ၊ ကျောင်းသား (၁၀)ယောက်၊ (၁၅)ယောက်ခန့်က အမွှေးတိုင်၊ ပန်းခြင်းတို့ကို တန်းစီယူဆောင်လာပြီး ကျောင်းသူ ကျောင်းသားတို့အား တစ်ယောက်ချင်းလက်နှင့်ထိစေ၏။ ပြီးမှ ဗောဓိပင်ရင်းရှိ ရုပ်ပွားဆင်းတုတော်ရှေ့မှာ ပူဇော်ကြပါသည်။ 
 ထိုသို့ဘုရားကို ပူဇော်ပြီးသောအခါမှသာ ကျောင်း၌ သီတင်းသုံးနေသည့် ရဟန်းတစ်ပါးထံ ငါးပါးသီလကို ခံယူဆောက်တည်ကြပါသည်။ ထို့နောက် ရဟန်းတော်နှင့် ကျောင်းအုပ်ဆရာက ကျောင်းသူကျောင်းသား များကို သြ၀ါဒစကားများကို ပြောကြားပါသည် (ယင်း သြ၀ါဒခံယူသည့် အခမ်းအနားမှာ အချိန်(၄၅)မိနစ် ခန့်လောက်ကြာ၏)။ ပြီးမှ စာသင်ခန်းအတွင်းသို့ ၀င်၍ စာသင်ကြရပါသည်။
 နေ့မွန်းတည့်ခါနီး (၁၁)နာရီအချိန်မှာ အားလပ်ချိန်(၁၀)မိနစ်ခန့် အနားပေးပြီး ပေါင်မုန့်၊ လက်ဘက်ရည် စသော မုန့်ပဲသရေစာတို့ကို ဝေငှပါသည်။ ထိုမုန့်ပဲသရေစာများကို အလှူရှင်ရှိလျှင် အလှူရှင်က အလှူရှင် မရှိလျှင် ကျောင်းထိုင်ဘုန်းကြီးများက ကျွေးမွေးကြပါသည်။ ထို့နောက် စာသင်ခန်းသို့ ပြန်ဝင်ကြ ပြီး နေ့လည်(၁၂)နာရီ မိနစ်(၃၀)အချိန်၌ သင်ကြားမှု အစီအစဉ်အားလုံး ပြီးဆုံးသွားပါသည်။
 သင်တန်းပြီးဆုံးချိန်မှာ ကျောင်းသူ၊ ကျောင်းသားများသည် စာသင်ခန်းထဲမှပင် ဗောဓိပင်ရှိရာဘက်သို့ မျက်နှာမူပြီး ရှေးဦးစွာမေတ္တာပို့၊ ထို့နောက်မှ ဗောဓိပင်ကို ပူဇော်ကြရပါသည်။ ယင်းသိုပ ပူဇော်ပြီးသော အခါမှသာ စာသင်ခန်းတွင်းမှ အားလုံးထွက်ခွာကြရပါသည်။

Tuesday, June 4, 2013

ဆန်းဒေးဓမ္မစကူးလ် ပေါ်ပေါက်လာပုံ

  
ယနေ့ဗုဒ္ဓဘာသာဝင် ကလေးသူငယ်တို့သည် ဥပုသ်နေ့တိုင်း ကျောင်းကန်ဘုရားများ မသွားကြတော့ပေ။
 ကျောင်းကန်ဘုရားနှင့်စိမ်းလာကြသဖြင့် ဘာသာတရားတော်အနေဖြင့်လည်း တိမ်းလာကြပါတော့သည်။ ယင်းသို့ ဥပုသ်နေ့မှန်းမသိခြင်း၊ ကျောင်းကန်ဘုရားတို့နှင့် စိမ်းလာခြင်းတို့သည် မည်သူတို့၏ တာဝန်ပါ နည်းဟု မေးခဲ့သော် ယနေ့လူကြီးမိဘတို့၏ တာဝန်ဖြစ်ပါသည်ဟု အမှန်အတိုင်း ဖြေရမည်ဖြစ်ပါသည်။
  ယနေ့ဗုဒ္ဓဘာသာဝင် လူကြီးမိဘ အများစုတို့သည် ကျောင်းကန်ဘုရားသွားဖို့ကို ကျူရှင်သွားဖို့လောက် အရေးမကြီးဟု ထင်မြင်ယူဆလက်ခံ လာကြပါသည်။ ဤသို့ဖြင့် ဘုရားဝေး တရားဝေးရသော လူငယ်လူမိုက် ကလေးတို့ ပေါများလာရပါသည်။  သားသမီးများ မနိုင်လောက်အောင် ဆိုးသွမ်းလာမှ အရပ်ကယ်ပါ လူဝိုင်းပါဟု အသံပြာလာကြပါသည်။
 ထို့ကြောင့် လူငယ်များ အပတ်စဉ် ကျောင်းကန်ဘုရားသို့  ရောက်ရှိနိုင်မည့် အသင့်တော်ဆုံးနည်းလမ်းမှာ  သီရိလင်္ကာနိုင်ငံမှာကဲ့သို့ (Dhamma School) ဓမ္မစကူးလ်များ အမြို့မြို့အနယ်နယ်တိုင်းတွင် ဖွင့်လှစ်ပေးနိုင်ရေးပင်ဖြစ်ပါတော့သည်။
   ယင်း(Sunday School) ကို ၁၈၈၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် အမေရိကန်နိုင်ငံသား Henry Olcott ဟင်နရီအောလ်ကော့(သာသနာ့အလံကို တီထွင်သူ)က အခက်အခဲပေါင်းများစွာကို ကျော်လွှာပြီး ကိုယ့်အားကိုယ်ကိုးဖြင့် စတင်၍ တည်ထောင်ခဲ့ပါသည်။ (On 13th February 1881, the first Buddish Sunday School was started at the Society's premises in Maliban Street) နောက်ပိုင်းကျမှ နိုင်ငံတော်အစိုးရက တာဝန်ယူဆောင်ရွက်လေသည်။ ယခုဆိုလျှင် နှစ်ပေါင်း (၁၀၀)ကျော်သွားပေပြီ။ ယနေ့တိုင်းပြည်၌ အုပ်ချုပ်နေကြသည့် သမ္မတ၊ ၀န်ကြီးအပါအ၀င် ဗိုလ်ချုပ်ကြီးများ သည်ပင် ယင်း(Sunday School) ကျောင်းဆင်းများ ဖြစ်ကြပေသည်။
 (Sunday School) ဟူသည်မှာ တနင်္ဂနွေနေ့တိုင်း ဗုဒ္ဓ၀င်၊ ရာဇ၀င်၊ ယဉ်ကျေးမှု စသည်များကို အထူးသင်ပေးသောကျောင်းဖြစ်ပေသည်။ ယင်းကျောင်းများသည် ပုဂ္ဂ္ဂလိကပိုင်မဟုတ်ကြ။ နိုင်ငံတော်အစိုး ရကိုယ်တိုင်က ပညာရေးစနစ်ကို သတ်မှတ်ပေးပြီး စည်းမျဉ်းဥပဒေနှင့်အညီ ဖွင့်လှစ်ပေး ထားသော ကျောင်းများဖြစ်သည်။ ယင်းကျောင်းများကို နေရာရွေးချယ်ရာတွင်တော့ ဘုန်းကြီးကျောင်းများ၌ စွမ်းဆောင်နိုင်သော ကျောင်းထိုင်ဘုန်းကြီးများသည် (Sunday School)၏ ကျောင်းအုပ်ဖြစ်ပြီး အနည်း ငယ်သော ကျောင်းများမှာတော့ ကျောင်းထိုင်ဘုန်းကြီးများက ပံ့ပိုးမှုအပိုင်းလောက်သာ တာဝန်ယူကြပါ သည်။ ဤအချက်ကို ထောက်ဆ၍ ကလေးသူငယ်များကို သင်ပေးနိုင်ရန်အတွက် ဘုန်ကြီးများကိုယ် တိုင်က လောကီလောကုတ် စွယ်စုံတတ်ဖို့ လိုသည်ဆိုသည်ကို သတိမူသင့်၏။
 ယင်း(Sunday School)ကျောင်း၌ လူပုဂ္ဂိုလ်များ ဆရာ၊ ဆရာမဖြစ်ဖို့အတွက် ဆရာဖြစ် သင်တန်းဟူသော သီးသန့်စာမေးပွဲတစ်ခုကို ဖြေဆိုကြရသေး၏။ ယင်းစာမေးပွဲကို အောင်မြင်မှသာ များသောအားဖြင် ဆရာဖြစ်ကြပါသည်။ (Sunday School)၌ သင်ပေးကြသော ဆရာ၊ ဆရာမတို့သည်ကား စေတနာ့ဝန်ထမ်း တို့သာတည်း။ 
  ယင်းဆရာဖြစ်သင်တန်း၌်-
၁။ ကုသိုလ်ကံ အကုသိုလ်ကံ၊ ကုသိုလ် အကုသိုလ်ကံတို့၏ အကျိုးတရား။
၂။ ခန္ဓာ၊ အာယတန၊ ဓါတ်၊ သစ္စာ။
၃။ ပဋိစ္စသမုပ္ပါဒ်၊ သမထ ၀ိပဿနာ တို့ သင်ကြားရပါသည်။
 သီရိလင်္ကာနိုင်ငံရှိ ကလေးသူငယ်များသည် အစိုးရကျောင်းများ၌ ၅-နှစ်အရွယ်မှပင် စတင်ပြီး ပညာသင်ယူကြရပြီး (Sunday School) ကို အစိုးရကျောင်းများက သူငယ်တန်းဆိုလျှင်လည်း၊ (Sunday School) ကို-
၁။ သူငယ်တန်း (Primary)
၂။ (၁)တန်း မှ (၁၀)တန်း (Grade 1 to Grade 10)
၃။ နောက်ဆုံးအဆင့်(၁)၊ အဆင့်(၂) (Final 1,2) ဟု အတန်းပေါင်း (၁၃)တန်း ခွဲခြားပြီး သင်ကြားပေးပါသည်။
 ပြဠာန်းထားသည့်စာပေများမှာ ငါးရာ့ငါးဆယ်လာ ဇာတ်တော်များ၊ ဓမ္မပဒလာဘုရားလက်ထက်က အဖြစ်အပျက်များ၊ ယင်းအကြောင်းကို ရေးသားထားသည့် ကဗျာများ၊ ပါရမီ(၁၀)ပါးအကြောင်း၊ ဒါန သီလ စသော ပုညကိရိယ၀တ္တု(၁၀)ပါးတို့၏အဓိပ္ပါယ်၊ ဘုရားဖြစ်စဉ် ဗုဒ္ဓ၀င်အကြောင်း၊ ပရိတ်ကြီးပါဠိနှင့် အဓိပ္ပါယ်၊ သတ္တနိပါတပါဠိလာ မှတ်သားဖွယ် တရားများ၊ သီရိလင်္ကာဗုဒ္ဓဘာသာသမိုင်း၊ ဗုဒ္ဓဘာသာနှင့် ပတ်သတ်သည့် ရှေးဟောင်းယဉ်ကျေးမှုဗိသုကာအကြောင်း၊ ရှေးဘုရင်တို့၏ အောင်ပွဲနှင့် စစ်သူကြီးများ၏ အစွမ်းသတ္တိစသည်တို့ကို ဖော်ပြထားသည့် ရာဇ၀င်များ၊ ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် မဟာယာနဗုဒ္ဓဘာသာ တို့၏ ကွဲပြားခြားနားပုံတို့ ဖြစ်ပါသည်။ ယင်းပြဠာန်းစာတို့ကို အတန်းအားလျော်စွာ သူ့အဆင့်နှင့်သူ ခွဲခြား ပြီးသင်ကြားပေးပါသည်။
 ယင်းပြဠာန်းစာတို့ကို မိခင်ဘာသည်ဖြစ်သည့် ဆင်ဟာလဘာသာနှင့် သင်ကြားပေး၏။ တချို့(Sunday School) တို့၌ အင်္ဂလိပ်စာဒီပလိုမာတန်းကိုပင် ဖွင့်လှစ်ထား၏။ အတန်းတိုင်းအတွက် သင်ရိုးပြဠာန်းစာအုပ် တွေကိုလည်း သာသနာရေးဝန်ကြီးဌာနက ရိုက်နှိပ်ထုတ်ဝေပြီး အခမဲ့ ဖြန့်ဝေ၏။ ယင်း(Sunday School) စာမေးပွဲများကို သာသနာရေးဝန်ကြီးဌာနကပင် တာဝန်ယူပြီး ဒီဇင်ဘာလ ပထမပတ်မှာ ကျင်းပပေးပါသည်။

Monday, June 3, 2013

ဓါတ်တော်တိုက်စေတီ

မောင်ပူဇော်တဲ့ ဓါတ်တော်တိုက်စေတီ
မယ်ပူဇော်တဲ့ ဓါတ်တော်တိုက်စေတီ
ဗန်းမော်မြေ ကျက်သရေဆင့်တယ်ပ
ခွင့်ခါဖွေ တို့မြေတင့်မှာမို့
မြတ်စိန္တေ ဆုချွေခွင့်ပါပဲ
လှမ်းလင့်ခဲ့ မောင်နဲ့မယ် (မောင်နှင့်မယ်)
ပန်ထိုက်ပါမှ
ပန်လိုက်ပါ တို့မယ်မောင်ရယ်
နိဗ္ဗာန်သာ ဆိပ်ဦး
အခွင့်ကိုရှာ
အပွင့် သတ္တဌာတွေနဲ့
ခုနှစ်လွှာ ခုနှစ်မျိုးမှာမှ
အသီးတစ်ရာ အညှာတစ်ခုပါတဲ့
နန်းနိဗ္ဗာ မှန်းစိတ်မှာဆောင်ပါ့
ကြည်သဒ္ဒါ ဝေဖြာလက်ပြီမို့
စေတနာရှင် နိဗ္ဗာန်ထက်ဆီသို့
ဒါ သီ ဘာ ဥာဏ် သံလျက်ကိုလ
နှင်းဆက်မယ်လို့ ။ ။
    ကန်ဦးဆရာတော်

ကန်ဦးကျောင်းတိုက် သာသနာဝန်ထမ်း ရဟန်းသာမဏေများ လိုက်နာရန်စည်းကမ်းများ

၁။ သီတင်းသုံးဖော်အချင်းချင်း မေတ္တာထား၍ နေထိုင်ရမည်။ ခိုက်ရန်ဖြစ်ပွားခြင်းမပြုလုပ်ရ။
၂။ ကျောင်းတွင်း၊ ကျောင်းပြန်တို့၌ ရာဇ၀တ်မှုမကင်းသောအမှုများကိုမပြုလုပ်ရ။
၃။ အန္တရာယ်ဖြစ်စေမည့် ဒုတ်၊ ဓားစသော လက်နက်များ ကိုင်ဆောင်ခြင်းမပြုရ။
၎။ ကျောင်းတိုက်၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည့် ပြုမူပြောဆိုခြင်းများမပြုရ။
၅။ ဘုရားပွဲ၊ ကျောင်းပွဲမှအပ မည်သည့်ပွဲလမ်းသဘင်ကိုမျှ ကြည့်ရှုခြင်းမပြုရ။
၆။ မိမိနှင့်ပါတ်သတ်သော ဧည့်သည်၊ အာဂန္တုများရောက်လာပါက နာယကဆရာတော်အား လျှောက်ထား ရမည်။ မိမိနှင့်အခြားသီတင်းသုံးဖော်တို့၏ ပညာရေးကို အနှောင့်အယှက်မဖြစ်စေရ။
၇။ နာယကဆရာတော်များပေးအပ်ထားသော သေနာသာနစိတ်တာဝန်များနှင့် ဘုရားဝတ်တတ်၊ စာကျတ်၊ စာပြန်၊ ဆွမ်းခံဝတ်များကို မပျက်မကွက်ထမ်းဆောင်ရမည်။
၈။ မကျန်းမာခြင်း၊ မြို့တွင်းရွာတွင်းနှင့် အရပ်တစ်ပါးသို့သွားလိုခြင်းများရှိပါက နာယကဆရာတော် ကို လျှောက်ထားရမည်။
၉။ သီတင်းသုံးဖော်ခြင်း စိတ်ဝမ်းကွဲပြားစေမည့် အပြုအမူ၊ အပြောအဆို၊ အနေအထိုင်များကို ရှောင်ကြဉ် ကြရမည်။

မှတ်ချက်။ အမှတ်(၁၊၂၊၃) စည်းကမ်းချက်များ ကျူးလွန်ပါကကျောင်းတိုက်မှ ချက်ခြင်းထွက်ခွာသွားရမည်။
ကျန်အမှတ်များ (၃)ကြိမ်တိုင် သတိပေးတားမြစ်၍မရပါက ကျောင်းတိုက်မှ ထွက်ခွာသွားရမည်။
                                                                         ကန်ဦးစာသင်တိုက်ဆရာတော်

ကန်ဦးဆရာတော်ဘုရားကြီး ဘဒ္ဒ န္တကေသ၀မထေရ်မြတ်၏ ထေရုပ္ပတ္တိ


ဆရာတော်လောင်းလျာ ဖွားမြင်ရာ
 
   ဗန်းမော်မြို့၊ မင်းကုန်းရက်ကွက်၊ သိရီမင်္ဂလာကန်ဦးကျောင်းတိုက်၏ ပဓာနနာယကဆရာတော်လောင်း လျာကို ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ ရှောက်ကုန်းကျေးရွာတွင် ခမည်းတော် ဦးကြွက် (ဦးသန်းအောင်)-မယ်တော် ဒေါ်တင်ကြည်တို့မှ ၁၃၁၂-ခုနှစ်၊ ကဆုန်လပြည့်ကျော်(၂)ရက်၊ တနင်္လာနေ့ တွင် မီးရှူးသန့်စင်ဖွားမြင်တော်မူပြီး မွေးချင်း(၇)ဦးအနက် ဒုတိယမြောက်သားလှရတနာဖြစ်ပါသည်။
ရှင်သာမဏေဖြစ် ဆယ့်တစ်နှစ်
  ဆရာတော်လောင်းလျာကို ၁၃၂၁-ခုနှစ်တွင် ဦးမောင်တင်-ဒေါ်ကြည်ကြည်မိသားစုတို့သည် ပစ္စ ယာနုဂ္ပ္ဂဟဖြင့် သာသနာ့ဘောင်သို့ ရှင်သာမဏေအဖြစ် သွတ်သွင်းခွင့်ပေးခဲ့ကြပြီး ၁၃၂၄-ခုနှစ်တွင် ဦးဒေါန-ဒေါ်သန်းမိသားစုတို့က ရှင်ဒကာအဖြစ် ထပ်မံချီးမြှောက်ကြပြန်သည်။ ၁၃၂၆-ခုနှစ်တွင် ဦးအုန်းမောင်-ဒေါ်ကျင်ရွှေမိသားစုမှ ထေရလောင်းလျာအား သာသနာ့ဘောင်သို့ရောက်အောင် ပို့ေ ဆာင် ပေးခဲ့ကြလေသည်။
ရခဲစင်စစ် ရဟန်းဖြစ် 
   ကန်ဦးမထေရ်မြတ်လောင်းလျာသည် ဧရာဝတီတိုင်း မြန်အောင်မြို့နယ် ရှောက်ကုန်းကျေးရွာမှ ခမည်း တော် ဦးကြွက်(ဦးသန်းမောင်)-မယ်တော်ဒေါ်တင်ကြည်တို့၏ ပစ္စယာနုဂ္ပ္ဂ္ဂဟဖြင့် ၁၃၃၁-ခုနှစ်၊ တပေါင်း လဆုတ်(၁)ရက်နေ့ နံနက်(၀၈း၄၀)နာရီတွင် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်တော်မူပါသည်။
ပြောင်းရွှေ့တစ်ဖန်စာသင်ပြန် 

   ဆရာတော်သည် ၁၃၃၂-ခုနှစ်တွင် ဟင်္သာတမြို့ ပတ္တမြားပရိယတ္တိစာသင်တိုက်တွင် ပထမငယ်၊ ပထမ လတ်၊ ပထမကြီးတန်းဆိုရာ ကျမ်းစာများသင်ယူခဲ့ပါသည်။ ၁၃၃၃-ခုနှစ်တွင် ဟင်္သာတမြို့ အမျိုးသားစာ     မေးပွဲ၊ ပထမငယ်တန်း(တတိယ)နှင့် အစိုးရပထမငယ်တန်း အောင်မြင်ခဲ့ပြီး ၁၃၃၄-ခုနှစ်၊ ဟင်္သာတမြို့ အများသားစာမေးပွဲ ပထမလတ်တန်း(ပထမ)နှင့် အစိုးရ ပထမလက်တန်း အောင်မြင်ခဲ့ပါသည်။
၁၃၃၇-ခုနှစ်တွင် ရန်ကုန် ဗဟန်းမြို့နယ် ဂျမား(၁) ယခု ဗိုလ်ချို(၁)ရပ်၊ သီရိဝံသဣစ္ဆိတာရုံကျောင်းတွင် စာချရင်း စာမေးပွဲဆက်လက်ဝင်ရောက်ဖြေဆိုခဲ့ရာ အစိုးရပထမကြီးတန်း အောင်မြင်ခဲ့ပါသည်။ 

တွေ့ရကြုံဖန် လောကဓံ

   ကန်ဦးမထေရ်လောင်းလျာသည် မန္တလေးမြို့ စကုတိုက်၌ှရှိနေစဉ် မန္တလေးမြို့ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် ပါမောက္ခချုပ် ဘဒ္ဒန္တ သူစာရိန္ဒ ၏ ပို့ဆောင်စေလွှတ်ချက်အရ ၁၃၅၀-ပြည့်နှစ်၊ ၁၉၈၈-ခုနှစ်၊ ၀ါဆိုလတွင် ဗန်းမော်မြို့ မင်းကုန်းရက်ကွက်၊ သီရိမင်္ဂလာကန်ဦးကျောင်းတိုက်သို့ စာချရန်ရောက်ရှိ သီတင်းသုံးနေထိုင်ခဲ့ပါသည်။
စာပေပို့ချ ဂန္တ၀ါစက
   ကန်ဦးမထေရ်မြတ်သည် ယခုလက်ရှိ ဗန်းမော်မြို့ မင်းကုန်းရပ်၊ သီရိမင်္ဂလာကန်ဦး ပရိယတ္တိစာသင်တိုက်၌ ပဓာန နာယကအဖြစ်ဖြင့် တိုက်တာကို အုပ်ချုပ်ကာ တစ်ဖက်မှလည်း စာသင်တိုက် တည်ထောင်သည်မှ ယနေ့အထိ အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းကျမ်းစာများကို နေ့စဉ်စာဝါ အနည်းဆုံး(၄)ကြိမ်မှ (၈)ကြိမ်အထိ ပို့ချပြီး သီတင်းသုံးနေထိုင်လျှက်ရှိပါသည်။