ဆရာတော်လောင်းလျာ ဖွားမြင်ရာ

ဗန်းမော်မြို့၊ မင်းကုန်းရက်ကွက်၊ သိရီမင်္ဂလာကန်ဦးကျောင်းတိုက်၏ ပဓာနနာယကဆရာတော်လောင်း လျာကို ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ ရှောက်ကုန်းကျေးရွာတွင် ခမည်းတော် ဦးကြွက် (ဦးသန်းအောင်)-မယ်တော် ဒေါ်တင်ကြည်တို့မှ ၁၃၁၂-ခုနှစ်၊ ကဆုန်လပြည့်ကျော်(၂)ရက်၊ တနင်္လာနေ့ တွင် မီးရှူးသန့်စင်ဖွားမြင်တော်မူပြီး မွေးချင်း(၇)ဦးအနက် ဒုတိယမြောက်သားလှရတနာဖြစ်ပါသည်။
ရှင်သာမဏေဖြစ် ဆယ့်တစ်နှစ်
ဆရာတော်လောင်းလျာကို ၁၃၂၁-ခုနှစ်တွင် ဦးမောင်တင်-ဒေါ်ကြည်ကြည်မိသားစုတို့သည် ပစ္စ ယာနုဂ္ပ္ဂဟဖြင့် သာသနာ့ဘောင်သို့ ရှင်သာမဏေအဖြစ် သွတ်သွင်းခွင့်ပေးခဲ့ကြပြီး ၁၃၂၄-ခုနှစ်တွင် ဦးဒေါန-ဒေါ်သန်းမိသားစုတို့က ရှင်ဒကာအဖြစ် ထပ်မံချီးမြှောက်ကြပြန်သည်။ ၁၃၂၆-ခုနှစ်တွင် ဦးအုန်းမောင်-ဒေါ်ကျင်ရွှေမိသားစုမှ ထေရလောင်းလျာအား သာသနာ့ဘောင်သို့ရောက်အောင် ပို့ေ ဆာင် ပေးခဲ့ကြလေသည်။
ရခဲစင်စစ် ရဟန်းဖြစ်
ကန်ဦးမထေရ်မြတ်လောင်းလျာသည် ဧရာဝတီတိုင်း မြန်အောင်မြို့နယ် ရှောက်ကုန်းကျေးရွာမှ ခမည်း တော် ဦးကြွက်(ဦးသန်းမောင်)-မယ်တော်ဒေါ်တင်ကြည်တို့၏ ပစ္စယာနုဂ္ပ္ဂ္ဂဟဖြင့် ၁၃၃၁-ခုနှစ်၊ တပေါင်း လဆုတ်(၁)ရက်နေ့ နံနက်(၀၈း၄၀)နာရီတွင် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်တော်မူပါသည်။
ပြောင်းရွှေ့တစ်ဖန်စာသင်ပြန်
ဆရာတော်သည် ၁၃၃၂-ခုနှစ်တွင် ဟင်္သာတမြို့ ပတ္တမြားပရိယတ္တိစာသင်တိုက်တွင် ပထမငယ်၊ ပထမ လတ်၊ ပထမကြီးတန်းဆိုရာ ကျမ်းစာများသင်ယူခဲ့ပါသည်။ ၁၃၃၃-ခုနှစ်တွင် ဟင်္သာတမြို့ အမျိုးသားစာ မေးပွဲ၊ ပထမငယ်တန်း(တတိယ)နှင့် အစိုးရပထမငယ်တန်း အောင်မြင်ခဲ့ပြီး ၁၃၃၄-ခုနှစ်၊ ဟင်္သာတမြို့ အများသားစာမေးပွဲ ပထမလတ်တန်း(ပထမ)နှင့် အစိုးရ ပထမလက်တန်း အောင်မြင်ခဲ့ပါသည်။
၁၃၃၇-ခုနှစ်တွင် ရန်ကုန် ဗဟန်းမြို့နယ် ဂျမား(၁) ယခု ဗိုလ်ချို(၁)ရပ်၊ သီရိဝံသဣစ္ဆိတာရုံကျောင်းတွင် စာချရင်း စာမေးပွဲဆက်လက်ဝင်ရောက်ဖြေဆိုခဲ့ရာ အစိုးရပထမကြီးတန်း အောင်မြင်ခဲ့ပါသည်။
တွေ့ရကြုံဖန် လောကဓံ
ကန်ဦးမထေရ်လောင်းလျာသည် မန္တလေးမြို့ စကုတိုက်၌ှရှိနေစဉ် မန္တလေးမြို့ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် ပါမောက္ခချုပ် ဘဒ္ဒန္တ သူစာရိန္ဒ ၏ ပို့ဆောင်စေလွှတ်ချက်အရ ၁၃၅၀-ပြည့်နှစ်၊ ၁၉၈၈-ခုနှစ်၊ ၀ါဆိုလတွင် ဗန်းမော်မြို့ မင်းကုန်းရက်ကွက်၊ သီရိမင်္ဂလာကန်ဦးကျောင်းတိုက်သို့ စာချရန်ရောက်ရှိ သီတင်းသုံးနေထိုင်ခဲ့ပါသည်။
စာပေပို့ချ ဂန္တ၀ါစက
ကန်ဦးမထေရ်မြတ်သည် ယခုလက်ရှိ ဗန်းမော်မြို့ မင်းကုန်းရပ်၊ သီရိမင်္ဂလာကန်ဦး ပရိယတ္တိစာသင်တိုက်၌ ပဓာန နာယကအဖြစ်ဖြင့် တိုက်တာကို အုပ်ချုပ်ကာ တစ်ဖက်မှလည်း စာသင်တိုက် တည်ထောင်သည်မှ ယနေ့အထိ အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းကျမ်းစာများကို နေ့စဉ်စာဝါ အနည်းဆုံး(၄)ကြိမ်မှ (၈)ကြိမ်အထိ ပို့ချပြီး သီတင်းသုံးနေထိုင်လျှက်ရှိပါသည်။

No comments:
Post a Comment